• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆော်ဒီ အရေဗျ စွမ်းအင် ဝန်ကြီးကို ကျန်ကောလိ တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-08-19 12:55:00

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီ ဒုဝန်ကြီးချုပ် ကျန်ကောလိသည် ယခုလ ၁၈ရက်နေ့က ဆော်ဒီ အရေဗျ နိုင်ငံ အိမ်ရှေ့မင်းသား မိုဟန်မက်၏ အထူ သံတမန်၊ ဆော်ဒီ အရေဗျ နိုင်ငံ စွမ်းအင်၊ စက်မှုလုပ်ငန်းနှင့် သတ္တုလုပ်ငန်း ဝန်ကြီး ဖာလစ်ကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ကျန်ကောလိက တည်ငြိမ်ရေးနှင့် လုံခြုံရေး ထိန်းသိမ်း ကာကွယ်ရန် အတွက် ဆော်ဒီအရေဗျ နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို တရုတ်ပြည် အနေနှင့် အားပေးထောက်ခံကြောင်း ပြောကြားသည်။

ဖာလစ်က ဆော်ဒီအရေဗျသည် Belt and Road အဆိုပြုချက်နှင့် ဆော်ဒီအရေဗျ၏ "၂၀၃၀မျှော်မှန်းချက်" ညီညွတ်စေရေးကို တွန်းအားပေးလိုကြောင်း ပြောကြားသည်။

   Webradio