• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ်နှင့် လီခေ့ချန် တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-08-19 12:54:28

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၁၈ရက်နေ့ ညနေပိုင်း က ပီကင်းတွင် အလည်အပတ် ရောက်ရှိလာသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာ ချုပ်သစ် Ghebreyesusကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ရာတွင် ဝန်ကြီးချုပ် လီခေ့ချန်က Ghebreyesusကို ဂုဏ်ပြုကြောင်း၊  Ghebreyesusသည် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ သမိုင်းကြောင်း၌ ပထမဆုံး အာဖရိကမှ ပုဂ္ဂိုလ် အနေနှင့် ဒါရိုက်တာချုပ် အဖြစ် တာဝန် ထမ်းဆောင်ကြောင်း၊ ယင်းသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ကျန်းမာရေး လုပ်ငန်း အဆင့် တိုးမြင့်ရေး အတွက် အရေးကြီးကြောင်း၊ တရုတ် အစိုးရသည် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ လုပ်ငန်းကို ဆက်လက် တက်ကြွစွာ အားပေးထောက်ခံပြီး Belt and Road စသည့် နယ်ပယ်များတွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်လိုကြောင်း ပြောကြားသည်။

Ghebreyesusက တရုတ်ပြည်၏ ဆေးဝါးကုသရေးနှင့် ကျန်းမာရေး စနစ် ပြုပြင် ပြောင်းလဲမှု အတွေ့အကြုံများကို အခြားနိုင်ငံများသည် နည်းယူလေ့လာထိုက်ကြောင်း ပြော ကြားသည်။

   Webradio