• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စပိန် အကြမ်းဖက်မှုနှင့် ပတ်သက်၍ စပိန် ဝန်ကြီးချုပ်ထံ လီခေ့ချန် ဝမ်းနည်း နှစ်သိမ့်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00) 2017-08-19 12:53:56

ယခုလ ၁၈ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် စပိန် နိုင်ငံ ဘာစယ်လိုနာမြို့လယ်ခေါင်တွင် ဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ စပိန် နိုင်ငံ ဝန်ကြီးချုပ် မာရီအာနို ရာဟိုအီ ထံသို့ ဝမ်းနည်းနှစ်သိမ့်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယင်းဝမ်းနည်းနှစ်သိမ့်ကြောင်း သဝဏ်လွှာတွင် ဝန်ကြီးချုပ် လီခေ့ချန်က မိမိ အနေနှင့် တရုတ် အစိုးရ၏ ကိုယ်စား ၄င်းအကြမ်းဖက်မှု၌ သေဆုံးသူများနှင့် ပတ်သက်ပြီး ဝမ်းနည်းကြေကွဲမိကြောင်း၊ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများအား နှစ်သိမ့်အား ပေးကြောင်း၊ ဒဏ်ရာရရှိသူများ စောလျင်စွာ ပြန်လည်ကျန်းမာလာရန် မျှော်လင့်ကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး အတွက် စပိန် နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုကို တရုတ်ပြည် အနေနှင့် ပြတ်ပြတ်သားသား အားပေး ထောက်ခံကြောင်း၊ စပိန် အပါအဝင် နိုင်ငံ အသီးသီးနှင့် အတူ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့်လုံ ခြုံရေး တွန်းအားပေးရန် အတွက် လက်တွဲ အကျိုးပြု စွမ်းဆောင်လိုကြောင်း ဖော်ပြသည်။

 

   Webradio