• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စပိန် အကြမ်းဖက်မှုနှင့် ပတ်သက်၍ စပိန်ဘုရင်ထံ ရှီကျင့်ဖိန် ဝမ်းနည်းနှစ်သိမ့်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00) 2017-08-19 12:53:15

ယခုလ ၁၈ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် စပိန် နိုင်ငံ ဘာစယ်လိုနာမြို့လယ်ခေါင်တွင် ဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ စပိန် နိုင်ငံ ဆဌမဆက်မြောက် ဖီလီပေ ဘုရင် ထံသို့ ဝမ်းနည်းနှစ်သိမ့်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယင်းဝမ်းနည်းနှစ်သိမ့်ကြောင်း သဝဏ်လွှာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မိမိ အနေနှင့် တရုတ် အစိုးရနှင့် ပြည်သူများ၏ ကိုယ်စား ၄င်းအကြမ်းဖက်မှု၌ သေဆုံးသူများနှင့် ပတ်သက်ပြီး လေးနက်စွာ ဝမ်းနည်းကြေကွဲမိကြောင်း၊ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများနှင့် ဒဏ်ရာရရှိသူများအား နှစ်သိမ့်အားပေးကြောင်း၊ တရုတ်ပြည် အနေနှင့် အကြမ်းဖက်မှု မှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ စပိန် နိုင်ငံ အပါအဝင် နိုင်ငံတကာ မိသားစုကြီးနှင့် အတူ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အားဖြည့် ပြုလုပ်ပြီး ဒေသတွင်းနှင့် ကမ္ဘာ့ အေးချမ်းတည်ငြိမ်မှု ထိန်းသိမ်း ကာကွယ်ရေး အတွက် လက်တွဲကြိုးပမ်းဆောင်ရွက်လိုကြောင်း ဖော်ပြသည်။

 

   Webradio