• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှား-အိန္ဒိယစစ်ရေးလေ့ကျင့်မှုသည်၊ တရုတ်-အိန္ဒိယဆက်ဆံမှုလက်ရှိအခြေအနေနှင့် မဆိုင်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00) 2017-08-18 16:22:15

      ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က၊ ရုရှား- အိန္ဒိယပူးတွဲစစ်ရေးလေ့ကျင့်မှုကို တရုတ်-အိန္ဒိယဆက်ဆံမှုလက်ရှိအခြေအနေနှင့် ဆက်နွယ်စေသည့် အပြောအဆိုသည်၊ တရားနည်းလမ်းမကျကြောင်း ယခုလ ၁၇ ရက်နေ့ က ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုနေ့ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌  Zakharova က ရုရှား-အိန္ဒိယ Indra ၂၀၁၇ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမည့် အောက်တိုဘာလတွင် ရုရှားအရှေ့ပိုင်း တွင် ကျင်းပမည်ဖြစ်ပြီး၊ ယင်းမှာ နှစ်စဉ်ပုံမှန်လေ့ကျင့်မှုပင်ဖြစ်ကြောင်း၊ ယင်းလေ့ကျင့်မှုကို တရုတ်-အိန္ဒိယဆက်ဆံမှုလက်ရှိအခြေအနေနှင့် ဆက်နွယ်စေသည့် အပြောအဆိုသည်၊ တရားနည်းလမ်းမကျဘဲ၊ ကုန်းချောသည့် လုပ်ရပ်မျိုးပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

   Webradio