• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နှစ်ဖက်စလုံး ဆောင်ရွက်မှုများ ယာယီရပ်စဲရေးသည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယားပြဿနာကို ဖြေရှင်းရန်အတွက် တရားမျှတမှုအကျဆုံး နည်းလမ်းဖြစ်ကြောင်း တရုတ်ဆို

(GMT+08:00) 2017-08-18 10:50:21

        တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွန်ယဉ်က ကိုးရီးယားကျွန်းဆွယ် နျူကလီးယားပြဿနာ၏ ဗဟိုအမြူတေသည် လုံခြုံရေးပြဿနာ ဖြစ်ကြောင်း၊ တရုတ်ပြည်ဘက်က တင်ပြခဲ့သော နှစ်ဖက်စလုံး ဆောင်ရွက်မှုများ ယာယီရပ်စဲရေး အဆြိ့ပုချက်သည် မျက်မှောက်အခြေအနေတွင် ယင်းပြဿနာကို ဖြေရှင်းရန်အတွက် တရားနည်းလမ်းအကျဆုံး၊ တရာမျှတမှုအရှိဆုံး၊ ဆောင်ရွက်နိုင်ဖွယ်ရာရှိသော နည်းလမ်းတစ်ခုပင်ဖြစ်ကြောင်း ယခုလ ၁၇ ရက်နေ့က ပီကင်းမြို့၌ ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        မကြာခင်ရက်များက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူက မြောက်ကိုးရီးယားနိုင်ငံ၏ နျူကလီးယားဒုံးကျည် အစီအစဉ်နှင့် အမေရိကန်-တောင်ကိုးရီးယား ပူးတွဲ စစ်ရေး လေ့ကျင့်ပွဲကို တစ်တန်းတစ်စားတည်းအဖြစ် သဘောထား၍ မရကြောင်း၊ အမေရိကန်-တောင်ကိုးရီးယား ပူးတွဲ စစ်ရေး လေ့ကျင့်ပွဲကို နှစ်ပေါင်းများစွာ ပြုလုပ်နေပြီဖြစ်ပြီး တရားဝင်ခြင်းဖြစ်သဖြင့် ဆက်လက် ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

   Webradio