• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကွန်ဂိုနိုင်ငံ၌ တောင်မြေပြိုကျမှု ဖြစ်ပွါး ၄၀ ဦး သေဆုံး

(GMT+08:00) 2017-08-18 09:25:30

ကွန်ဂိုနိုင်ငံ၌ ယခုလ ၁၇ ရက်နေ့က တောင်မြေပြိုကျမှု ဖြစ်ပွါးခဲ့ရာ လူ ၄၀ ဦး သေဆုံးပြီး ရာပေါင်းများစွာ ပျောက်ဆုံးနေကြောင်း ဆင်ဟွာ သတင်း အရ သိရပါသည်။

ကွန်ဂိုနိုင်ငံ အီတူရီပြည်နယ် အယ်လ်ဘာဒ် ရေကန် အနီးတဝိုက်ရှိ ရွာတစ်ရွာ၌ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့ ကြား၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တောင်မြေပြိုမှု ဖြစ်ခဲ့ရာ ရွာ တစ်ရွာလုံး နစ်မြုပ်ခဲ့ကြောင်း၊ ဒေသခံအရာရှိက လက်ရှိအချိန်တွင် နစ်မြုပ်မှုခံရသော ရွာသူရွာသား ရာပေါင်းများစွာ ရှိသေးသည်ဟု ပြောခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

   Webradio