• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အမေရိကန် စစ်ဦးစီးမှူးချုပ်များ အဖွဲ့ ဥက္ကဋ္ဌနှင့် တွေ့ဆုံ

(GMT+08:00) 2017-08-18 09:23:47

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၇ ရက်နေ့က ပီကင်းမြို့၌ အလည်အပတ် ရောက်ရှိလာသော အမေရိကန် စစ်ဦးစီးမှူးချုပ်များ အဖွဲ့ ဥက္ကဋ္ဌ ဒွန်ဖို့ဒ်နှင့် တွေ့ဆုံ ခဲ့ကြောင်း သတင်း ရရှိပါသည်။

ရှီကျင့်ဖိန်က၊ နှစ်ဖက်တို့သည် စိတ်ရင်းစေတနာဖြင့် အပြန်အလှန် သဘောထားရန် မျှော်လင့်ကြောင်း၊ ကူးလူးဖလှယ်မှုကို တိုးမြှင့်ပြီး သဘောကွဲလွဲမှုများကို သင့်တော်စွာ ကိုင်တွယ်ဖြေရှင်းကာ ပိုမို သာယာလှပသော အနာဂတ်ကို လက်တွဲ ထူထောင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

ဒွန်ဖို့ဒ်က၊ သမ္မတ ထရန့်သည် ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ လာရောက် ခရီး လှည့်လည်မည် ဖြစ်ကြောင်း၊ သမ္မတ ထရန့်နှင့် ဥက္ကဋ္ဌ ရှီကျင့်ဖိန်တို့၏ ဦးဆောင်မှုဖြင့် နှစ်နိုင်ငံ တပ်မတော်အကြား ဆက်ဆံမှုတွင် အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio