• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

BRICS နိုင်ငံများ နိုင်ငံတော် စီမံအုပ်ချုပ်ရေး နှီးနှောဖလှယ်ပွဲ ဖွင့်လှစ်

(GMT+08:00) 2017-08-18 09:17:25

BRICS နိုင်ငံများ နိုင်ငံတော် စီမံအုပ်ချုပ်ရေး နှီးနှောဖလှယ်ပွဲကို ယခုလ ၁၇ ရက်နေ့က တရုတ်ပြည် ဖူကျန့်ပြည်နယ် ချွမ်ကျိုးမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်၊ ရုရှား၊ ဘရာဇီး၊ အိန္ဒိယနှင့် တောင်အာဖရိက အပါအဝင်  BRICS နိုင်ငံ ငါးနိုင်ငံနှင့် တန်ဇန်းနီးယား၊ ချီလီ၊ မက္ကဆီကို စသည့်နိုင်ငံမှ နိုင်ငံတော် အကြီးအကဲနှင့် တတ်သိ ပညာရှင်များသည် အကျိုးတု ဖွံ့ဖြိုးမှု တွန်းအားပေးရေး၊ ယဉ်ကျေးမှု မျိုးစုံ စည်ပင်သာယာရေး၊ နိုင်ငံတကာ စီမံခန့်ခွဲရေးစနစ်များ ပြည့်စုံကောင်းမွန်စေရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုအကြိမ် နှီးနှောဖလှယ်ပွဲ၏ ဆောင်ပုဒ်သည် တံခါးဖွင့်ရေးနှင့် သက်ညာ ထောက်ထားရေး၊ အပြန်အလှန် အကျိုးရှိစေရေး၊ လူသား ကံကြမ္မာ အသိုက်အဝန်း လက်တွဲ ထူထောင်ရေး ဖြစ်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန အမှုဆောင် ဒုဝန်ကြီး၊ ဗဟို ယဉ်ကျေးမှုရေးရာရုံး ဥက္ကဋ္ဌ ဟွမ်ခွင်မင်က နှီးနှောဖလှယ်ပွဲတွင် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio