• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖမ့်ချမ်လုံသည် အမေရိကန် စစ်ဦးစီးမှူးချုပ်များအဖွဲ့ ဥက္ကဋ္ဌနှင့် တွေ့ဆုံ

(GMT+08:00) 2017-08-17 13:24:17

တရုတ် ဗဟို စစ်ရေးကော်မရှင် ဒုဥက္ကဋ္ဌ ဖန့်ချမ်လုံသည် ယခုလ ၁၇ ရက်နေ့က ပီကင်းမြို့ ပါယီ ခန်းမဆောင်ကြီး၌ အလည်အပတ် ရောက်ရှိနေသော အမေရိကန် စစ်ဦးစီးမှူးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဒွန်ဖို့ဒ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဖမ့်ချမ်လုံက၊ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် နှစ်နိုင်ငံ တပ်မတော် အကြား ဆက်ဆံမှုကို လွန်စွာ အလေးထားကြောင်း၊ နှစ်နိုင်ငံ တပ်မတော်အကြား ဆက်ဆံမှုသည် နှစ်နိုင်ငံ ဆက်ဆံမှု တည်ငြိမ်ရေးအတွက် အကျိုးပြုနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။  
   Webradio