• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တတိယအကြိမ်မြောက် BRICS နိုင်ငံများ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

(GMT+08:00) 2017-08-17 10:53:03

      တတိယအကြိမ်မြောက် BRICS နိုင်ငံများ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယခုလ ၁၆ ရက်နေ့က တရုတ်ပြည် ရှန်းတုန်းပြည်နယ် ဝေဟိုင်မြို့တွင် ကျင်းပခဲ့သည်။ တရုတ်၊ တောင်အာဖရိက၊ ဘရာဇီး၊ ရုရှားနှင့် အိန္ဒိယနိုင်ငံများမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ အဓိကဌာနမှ ကိုယ်စားလှယ် ၂၀ ကျော်တို့သည်၊ အစည်းအဝေးသို့တက်ရောက်ကြကြောင်း၊ တရုတ်နိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီ ဒုတိယ အမြဲတမ်းအတွင်းရေးမှူးချုပ်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန မူးယစ် ဆေးဝါးတိုက်ဖျက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လျန်ယွင်သည်၊ တရုတ် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး၊ ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

   Webradio