• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သဘာဝ ပတ်ဝန်းကျင် ဆိုးရွားသောနေရာမှ ရွှေ့ပြောင်းလာသော မိသားစုများ

(GMT+08:00) 2017-08-17 08:46:42

တရုတ်ပြည် နင်ရှာ့ပြည်နယ် မင်ရှာရွာတွင် မိသားစု ၁၅၁ စု ရှိပြီး အားလုံးလိုလို သဘာဝ ပတ်ဝန်းကျင် အလွန်ဆိုးရွားသော နေရာမှ ရွှေ့ပြောင်းလာခြင်း ဖြစ်သည်။   

ရွာသူကြီး မာတေက၊ အရင်က နေထိုင်ခဲ့သည့် နေရာမှာ ၁၀ နှစ်အတွင်း ၉ နှစ်ခန့် မိုးခေါင်း ရေရှားမှု ဖြစ်ပွါး တတ်ပြီး ကားလမ်းလည်း မရှိကြောင်း၊ ယခု ရွှေ့ပြောင်း နေထိုင်နေသည့် မင်ရှာရွာ ဆိုလျှင် စာသင်ကျောင်း၊ ဆေးခန်းများ ရှိသည့်အပြင် နိုင်ငံတော်အဆင့် နာမည်ကြီး ရှုခင်းသာနေရာ ဖြစ်သည့် ရှာဖိုထိုနှင့်လည်း မဝေးကြောင်း၊ ထို့ကြောင့် မိမိတို့သည် အပန်းဖြေ ခရီးသွား လုပ်ငန်းကို စတင် လုပ်ဆောင် ကြကြောင်း၊ အမျိုးသားနေ့ ရုံးပိတ်ရက်ရှည် အတွင်းပင် ပူးပေါင်းပြီး ခရီးသွား လုပ်ဆောင်သော မိသားစုများသည် ဝင်ငွေ ယွမ် ၁ သောင်းကျော် ရရှိကြောင်း သတင်းထောက်ကို ရှင်းလင်း ပြောကြား ပါသည်။

   Webradio