• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် ရုရှား နိုင်ငံခြားရေး ဝန်ကြီးနှင့် တယ်လီဖုန်း ဆက်သွယ်

(GMT+08:00) 2017-08-16 12:23:36

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဖိတ်ကြားချက်အရ ယခုလ ၁၅ ရက်နေ့က ရုရှား နိုင်ငံခြားရေး ဝန်ကြီး ရာဖ်ရို့ဖ်နှင့် တယ်လီဖုန်း ဆက်သွယ်ပြီး မျက်မှောက် ကိုးရီးယား ကျွန်းဆွယ် အခြေအနေနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဝမ်ယိက၊ ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်မှာ တရုတ်၊ရုရှား အပါအဝင် သက်ဆိုင်ရာတို့၏ အကျိုးတူနှင့် လုံးဝ ကိုက်ညီ ပါကြောင်း ပြောကြားသည်။

   Webradio