• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ငွေကြေး တည်ငြိမ်မှုနှင့် ပြုပြင်ပြောင်းလဲမှုကို ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ ချီးကျူး

(GMT+08:00) 2017-08-16 09:56:52

ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့က၊ တရုတ်နိုင်ငံသည် ပိုမို ဆက်တိုက် ဖွံ့ဖြိုးနိုင်သော ဆောင်ရွက်မှုများ ပြုလုပ်နေပြီး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းသည် နယ်ပယ် များစွာ၌ တိုးတက် အောင်မြင်မှုများ ရရှိပြီ ဖြစ်ကြောင်း၊ ယခုနှစ် တရုတ်ပြည် စီးပွါးရေး တိုးတက်နှုန်းမှာ ၆့ ၇ ရာခိုင်နှုန်း ဖြင့် အားကောင်းစွာ ဆက်လက် တိုးတက်သွားမည်ဟု ခန့်မှန်းရကြောင်း ယခုလ ၁၅ ရက်နေ့က ဖေါ်ပြထားသည်။ ကမ္ဘာ့ ငွေကြေးရန်ပုံငွေအဖွဲ့သည် တရုတ်ပြည် စီးပွါးရေးကို ဝန်ဆောင်မှုနှင့် ကုန်စည် စားသုံးမှု နယ်ပယ်သို့ လှည့်ပြောင်းရန် တွန်းအားပေးရေးနှင့် စီးပွါးရေး ပြန်လည် ညီမျှစွာ တိုးတက်ရေးတွင် ရရှိသော အောင်မြင်မှုများကိုလည်း ချီးကျူးပါသည်။

ကမ္ဘာ့ငွေကြေးရန်ပုံငွေ အဖွဲ့သည် ယခုနှစ် တရုတ်ပြည်နှင့် ပုဒ်မ ၄ ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲကို ကျင်းပ ပြီးနောက် ယခုလ ၁၅ ရက်နေ့တွင် လေ့လာရေး အစီရင်ခံစာကို ထုတ်ပြန် ပါသည်။ ယင်းအစီရင်ခံစာတွင် တရုတ်ပြည်၏ ယခုနှစ် စီးပွါးရေး တိုးတက်နှုန်းမှာ ၆့ ၇ ရာခိုင်နှုန်း ဆက်လက် ထိန်းသိမ်းနိုင်မည်ဟု ခန့်မှန်းထားသည့်အပြင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ တရုတ်ပြည်၏ စီးပွါးရေး တိုးတက်နှုန်း ခန့်မှန်းချက်ကိုလည်း အရင်က ၆ ရာခိုင်နှုန်းမှနေ၍ ၆့ ၎ ရာခိုင်နှုန်းအထိ တိုးမြှင့်လာသည်။

အမေရိကန်သည် တရုတ်ပြည်အား ကုန်သွယ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို တစ်ဖက်သတ် လုပ်ဆောင်နိုင်ဖွယ်ရာ ရှိသည့် ကိစ္စနှင့် ပတ်သက်ပြီး ကမ္ဘာ့ ငွေကြေး ရန်ပုံငွေအဖွဲ့ အာရှနှင့့် ပစိဖိတ်ရေးရာရုံး ဒုဥက္ကဋ္ဌ မာကူစ် ရော့လာယာက၊ ကုန်သွယ်ရေး အငြင်းပွါးမှု ဖြေရှင်းရာတွင် နိုင်ငံအသီးသီးတို့သည် နိုင်ငံစုံ မူဘောင် စနစ်ကို လေးစား သင့်ကြောင်း ပြောကြားပါသည်။

   Webradio