• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် လူနေ ပတ်ဝန်းကျင် စံပြဆု ရရှိသော ကွမ်ကျွမ်ရွာ

(GMT+08:00) 2017-08-15 12:33:50

တရုတ် လူနေ ပတ်ဝန်းကျင် စံပြဆုသည် တရုတ်နိုင်ငံက ကုလသမဂ္ဂ လူနေ ပတ်ဝန်းကျင်ဆု စံချိန်ကို ကိုးကားပြီး ထားရှိသော ဆု တစ်ရပ် ဖြစ်ပြီး ရည်ရွယ်ချက်မှာ ကောင်းမွန်သော နေထိုင်မှုပတ်ဝန်းကျင်ကို ထူထောင်ရေးတွင် အကျိုးဖြစ်ထွန်းမှု ထင်ရှားသော မြို့၊ ရွာနှင့် ရုံးဌာနများအား ချီးမြှင့် အားပေးရန် ဖြစ်သည်။

၂၀၁၄ ခုနှစ်က အန်းဟွေးပြည်နယ် ကွမ်ကျွမ်ရွာသည် တရုတ် လူနေ ပတ်ဝန်းကျင် စံပြဆုကို ရရှိသည်။ သာယာလှပသော သဘာဝ ပတ်ဝန်းကျင်၊ စိတ်ကြည်နူးဖွယ်ရာ ကောင်းသော နေထိုင်မှု အသွင်ပုံစံသည် မြို့ကြီးနေသူ များစွာကို ဆွဲဆောင်လာနေသည်။
   Webradio