• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ နွေဦး ပန်းငုံစီမံကိန်း နွေရာသီအခြေစိုက်စခန်း

(GMT+08:00) 2017-08-15 10:59:08

နွေဦး ပန်းငုံ စီမံကိန်းသည် တရုတ်နိုင်ငံ၏ ဆင်းရဲသော မိန်းကလေးများအား ကျောင်းတက်စေဖို့ ထောက်ပံ့ကူညီရေး လုပ်ငန်းစဉ် တစ်ရပ် ဖြစ်သည်။ တရုတ် လေတပ်သည် ယင်းစီမံကိန်းတွင် ပါဝင် ဆောင်ရွက်ကာ ၁၉၉၅ ခုနှစ်ကစပြီး ယခုအထိ စုစုပေါင်း ဆင်းရဲသော မိန်းကလေး ၂ သောင်း ၅ ထောင်ကျော်ကို ထောက်ပံ့ ကူညီ ပေးခဲ့ ပါပြီ။

မကြာမီက တရုတ် ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့နှင့် လေတပ်တို့သည် နွေရာသီ အခြေစိုက်စခန်းကို ချမ်ချွင်းမြို့၌ ပြုလုပ်ပြီး၊ ရှင်းရှင်း၊ ယူနန်၊ စီချွမ်းပြည်နယ်မှ ဇန့်လူမျိုး၊ ကာဇက်လူမျိုး၊ ဘိုင်လူမျိုး၊ မျောင်လူမျိုး၊ ယီလူမျိုး အပါအဝင် တိုင်းရင်းသား လူမျိုးစု ၉ စုမှ မိန်းကလေးများသည် နွေရာသီ အခြေစိုက်စခန်း လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြပါသည်။

   Webradio