• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယန်သည် ပါကစ္စတန် လွတ်လပ်ရေး ရရှိသည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် ညီလာခံ တက်ရောက်

(GMT+08:00) 2017-08-15 10:24:40

ပါကစ္စတန်နိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် ညီလာခံကို ယခုလ ၁၄ ရက်နေ့က အစ္စလမ်ဘတ်မြို့တော်၌ ကျင်းပခဲ့ကြောင်း၊ ပါကစ္စတန် သမ္မတ ဟူစိန်၊ ဝန်ကြီးချုပ် အာဘာစီ အပါအဝင် ပါကစ္စတန် လုပ်ငန်းပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် ပါကစ္စတန်နိုင်ငံဆိုင်ရာ နိုင်ငံ အသီးသီးမှ သံတမန် အရာရှိများ စုစုပေါင်း လူ ၁၀၀၀ ခန့်တို့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း၊ တရုတ် နိုင်ငံတော် ကောင်စီ ဒုဝန်ကြီးချုပ် ဝမ်ယန်သည် အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြား ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဝမ်ယန်က၊ တရုတ်နှင့် ပါကစ္စတန်တို့သည် တောတောင်ရေမြေ ဆက်စပ်ပြီး အပြန်အလှန် အားထားနေကြကြောင်း၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိ ခဲ့သည့် နောက်ပိုင်း နှစ်နိုင်ငံ လုပ်ငန်းပေါင်းစုံမှ ပုဂ္ဂိုလ်များ၏ ကြိုးပမ်းမှုဖြင့် နှစ်နိုင်ငံ ဆက်ဆံမှုသည် နိုင်ငံတကာနှင့် ပြည်တွင်း အခြေအနေ ပြောင်းလဲမှုဆိုင်ရာ သံခဲတင်မှု အကြိမ်ကြိမ်ကို အောင်မြင်စွာ ခံနိုင်ခဲ့ကြောင်း၊ မိမိတို့သည် အချိန်မရွေး ချစ်ကြည်မှု ထားရှိပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ကာ နိုင်ငံချင်းအကြား ချစ်ကြည်ရေးဆိုင်ရာ စံနမူနာကောင်းပင် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio