• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် ဗေဂျစ်နီယာ ပြည်နယ်၌ အငြင်းပွါးမှု ဖြစ်ပွါး

(GMT+08:00) 2017-08-14 09:43:07

ယခုလ ၁၁ ရက်နေ့ညမှ ၁၂ ရက်နေ့ အထိ အမေရိကန် အသားဖြူလူမျိုး ထိပ်တန်း အကျဆုံးဝါဒ ဂိုဏ်းအဖွဲ့များသည် ဗေဂျစ်နီယာ ပြည်နယ် ချာလိုဆ်ဗစ်လ်မြို့၌ ဆန္ဒပြ လှည့်လည်ပွဲ ပြုလုပ်ပြီး အမေရိကန် ပြည်တွင်းစစ်ကာလ အတွင်း တောင်ပိုင်း စစ်ပွဲ ခေါင်းဆောင် ရောဘတ် လီး၏ ရုပ်တုကို ဖြိုဖျက်ရန်ကို ကန့်ကွက်သည့်အပြင် အမေရိကန်ရှိ အသားဖြူလူမျိုး၏ အဆင့်နေရာ ကျဆင်းလာခြင်းကိုလည်း ကန့်ကွက် ခဲ့ကြကြောင်း၊ ဆန္ဒပြသူများသည် ၄င်းတို့၏ အယူဝါဒကို ဆန့်ကျင်သူများနှင့် အငြင်းပွါးမှု ဖြစ်ပွါးခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဗေဂျစ်နီယာ ပြည်နယ် အစိုးရဌာနသည် ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ချာလိုဆ်ဗစ်လ်မြို့၌ အရေးပေါ် အခြေအနေ ကြေညာ ထားပြီး ရဲတို့သည် ဆန္ဒပြသူများကို လူစုခွဲခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အမေရိကန် သမ္မတ ထရန့်က၊ ယင်းအရေးအခင်းကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချကြောင်း၊ မိမိသည် ဗေဂျစ်နီယာ ပြည်နယ်မှူးနှင့် တယ်လီဖုန်း ဆက်သွယ် ခဲ့ပြီး နှစ်ဦးနှစ်ဖက်တို့သည် ရန်ငြိုးထားမှုနှင့် သွေးခွဲမှုကို အမြန်ဆုံး အဆုံးသတ်ရမည်ဟု ယူဆ ကြကြောင်း ပြောကြားပါသည်။

ချာလိုဆ်ဗစ်လ်မြို့ အစိုးရဌာနသည် ရောဘတ် လီး၏ ရုပ်တုကို ဖြိုဖျက်ရန် ဆုံးဖြတ် ခဲ့ပြီးနောက် ယင်းနေရာ၌ ဆန္ဒပြပွဲနှင့် အငြင်းပွါးမှု အကြိမ်ပေါင်းများစွာ ဖြစ်ပွါးခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio