• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အစ္စရေးသည် ဂါဇာဒေသနှင့် နယ်နိမိတ် အကာများ အားဖြည့် ဆောက်လုပ်

(GMT+08:00) 2017-08-13 09:16:53

အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က၊ အစ္စလမ် ခုခံရေး လှုပ်ရှားမှုအဖွဲ့ ဟာမာ့စ်မှ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန်အတွက် ကာဇာဒေသနှင့် နယ်နိမိတ်အကာများကို အားဖြည့် ဆောက်လုပ်မည် ဖြစ်ကြောင်း မကြာမီက ဖေါ်ပြခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

လက်ရှိအချိန်တွင် နယ်နိမိတ်အကာ လုပ်ငန်းကို လုပ်ငန်းခွင်နေရာ ၆ ခု၌ စတင် ဆောက်လုပ်ပြီ ဖြစ်ပြီး အောက်တိုဘာလတွင် အလုပ်သမား တစ်ထောင်ကျော်တို့ လုပ်ငန်းခွင်နေရာ ၄၀ ၌ ၂၄ နာရီမပြတ် ဆောက်လုပ်မှုများ ပြုလုပ်မည်ဟု ခန့်မှန်းရကြောင်း သတင်းရရှိပါသည်။

   Webradio