• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်နှင့် မြောက်ကိုးရီးယား ချင့်ချင့်ချိန်ချိန် လုပ်ဆောင် ပြောဆိုရန် နိုင်ငံတကာ ပန်ကြား

(GMT+08:00) 2017-08-13 08:42:45

အမေရိကန် သမ္မတ ထရန့်နှင့် မြောက်ကိုးရီးယားတို့ စစ်ရေး ဆောင်ရွက်မှု ပြုလုပ်ရန် အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာမိသားစုကြီးက၊ အမေရိကန်နှင့် မြောက်ကိုးရီးယားသည် ကိုးရီးယား ကျွန်းဆွယ် အခြေအနေ ပိုမဆိုးရွား စေရန် ချင့်ချင့်ချိန်ချိန် လုပ်ဆောင် ပြောဆိုသင့်သည်ဟု လှုံ့ဆော် တိုက်တွန်းခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

တောင်ကိုးရီးယား သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူက၊ ကိုးရီးယားကျွန်းဆွယ် အခြေအနေ တင်းမာမှုနှင့် စစ်ရေး အချင်းပွါးမှုသည် မည်သည့်နိုင်ငံ အတွက် မဆို အကျိုးရှိမည် မဟုတ်ကြောင်း၊ တောင်ကိုးရီးယားသည် အခြေအနေ လျော့ပေါ့စေရန်နှင့် ငြိမ်းချမ်းမှု ထိန်းသိမ်းရန် လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ၁၀ ရက်နေ့က ပြောကြားပါသည်။

   Webradio