• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် မိုဘိုင်း အင်တာနက် data လျင်မြန်စွာ တိုးလာ

(GMT+08:00) 2017-08-12 09:22:24
တရုတ်ပြည် စမတ် ဟန်းဖုန်းနှင့် 4G အင်တာနက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည့်နှင့် အမျှ တရုတ်ပြည် မိုဘိုင်း အင်တာနက် traffic သုံးစွဲမှုမှာ အရှိန်ထိုး တိုးများလာနေကြောင်း၊ တရုတ် နိုင်ငံတော် စာရင်းအင်းဦးစီးဌာနမှ မကြာမီက ထုတ်ပြန်သော စာရင်းအရ၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည် မိုဘိုင်း အင်တာနက် traffic မှာ သန်း ၈၈၉၀ G အထိ တိုးလာပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၁၃၆့ ၈ ရာခိုင်နှုန်း တိုးလာကြောင်း၊ ယခုနှစ် နှစ်ကုန်အထိ ၁၀ ဘီလီယံ G အထိ တိုးသွားမည်ဟု ခန့်မှန်း ရကြောင်း သတင်းအရ သိရပါသည်။
   Webradio