• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားအနေဖြင့် ဆွေးနွေးပွဲကို ပြည်လယ်ဆောင်ရွက်ရန် တောင်ကိုးရီးယားက တိုက်တွန်း

(GMT+08:00) 2017-08-11 16:36:09

တောင်ကိုးရီးယားအစိုးရသည် ယခုလ၁၀ရက်နေ့က မြောက်ကိုးရီးယားနိုင်ငံသည် အခြေအနေပိုမိုတင်းမာစေမည့် လှုပ်ရှားမှုများကို ချက်ချင်းရပ်စဲရန် တိုက်တွန်းပြီး မြောက်ကိုးရီးယားနိုင်ငံနှင့် ဆွေးနွေးပွဲကျင်းပရန် ဆန္ဒရှိနေသေးကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

  ထိုနေ့က တောင်ကိုးရီးယားနိုင်ငံတော်လုံခြုံမှုကာကွယ်ရေးကွန်ဖရင့်အမြဲတမ်း ကော်မတီသည် အစည်းအဝေးကျင်းပရာ ကိုးရီးယားကျွန်းဆွယ်အခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ တောင်ကိုးရီးယားသမ္မတရုံး Blue House မှပြောရေးဆိုခွင့်ရှိသူ Park Soo-hyunက တောင်ကိုးရီးယားနိုင်ငံတော်လုံခြုံမှုကာကွယ်ရေးကွန်ဖရင့်အမြဲတမ်း ကော်မတီက ကိုးရီးယားကျွန်းဆွယ်၏လုံခြုံရေးအခြေအနေသည် မြောက်ကိုးရီးယားနိုင်ငံ၏ အဆက်မပြတ်ရန်စနှိုးဆော်မှုကြောင့် ဆိုးဝါးလာကြောင်း၊ မြောက်ကိုးရီးယားနိုင်ငံသည် အခြေအနေတစ်ဆင့်တိုးတင်းမာလာစေမည့် လှုပ်ရှားမှုမှန်သမျှကို ချက်ချင်းရပ်စဲရန် တိုက်တွန်းကြောင်းပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။

   Webradio