• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ် ဆိုင်ရာ ဆောင်ရွက်ရေးမူဘောင် အတည်ပြု ပြဌာန်းခြင်းသည် တောင်ပင် လယ်ပြဿနာကို တိုင်ပင်ဆွေးနွေးခြင်းဖြင့် ဖြေရှင်းရေး အတွက် အပြုသဘောဆောင် သောဆောင်ရွက်မှု ဖြစ်ဟု အာဆီယံ ဒုအတွင်းရေးမှူးချုပ်ဟောင်းဆို

(GMT+08:00) 2017-08-11 15:39:47

မကြာခင်က ကျင်းပပြီးစီးခဲ့သည့် တရုတ်-အာဆီယံ(10+1) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် တရုတ်နှင့် အာဆီယံ နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများသည် တောင်ပင်လယ် ဆိုင်ရာ ဆောင်ရွက်ရေးမူဘောင်ကို အတည်ပြု ပြဌာန်းခဲ့ကြောင်း၊ ယင်းသည် တောင်ပင်လယ် ဆိုင်ရာ ဆောင်ရွက်ရေးမူ ရရှိရန် အတွက် အရေးကြီးသည့် ခြေလှမ်း တစ်လှမ်း လှမ်းလိုက်ခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

တရုတ်ပြည်နှင့် အာဆီယံ နိုင်ငံများမှ လက်တွဲ ကြိုးပမ်းမှုဖြင့် ယခုနှစ် မေလ ၁၈ရက်နေ့က တရုတ်နှင့် အာဆီယံ နိုင်ငံများသည် တရုတ်ပြည် ကွေ့ယန်မြို့တွင် ကျင်းပ သော "တောင်ပင်လယ် ဆိုင်ရာ ဘက်အသီးသီးမှ ဆောင်ရွက်ရေး ကြေညာချက်" လက်တွေ့ ဖော်ဆောင်ရေး ၁၄ကြိမ်မြောက် အဆင့်မြင့် အရာရှိများ အစည်းအဝေးတွင် ၄င်းမူဘောင်ကို စိစစ်အတည်ပြုပြီး ဒေသတွင်း စည်းမျဉ်း ဥပဒေများ တစ်ဆင့်တိုး ပြည့်စုံစေရေး အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

အာဆီယံ ဒုအတွင်းရေးမှူးချုပ်ဟောင်း၊ အာဆီယံ ဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီး ဟောင်း Wilfrido V. Villacortaက မကြာခင်က သတင်းထောက်နှင့် တွေ့ဆုံရာတွင် တောင်ပင်လယ် ဆိုင်ရာ ဆောင်ရွက်ရေးမူဘောင်သည် အနာဂတ်တွင် ယင်းအခြေခံမူ ဆိုင်ရာ ဆွေးနွေးပွဲ အတွက် အရေးကြီးသည့် အထောက်အပံ့ တစ်ခု ဖြစ်ပြီး ဒေသတွင်း အေးချမ်းတည်ငြိမ်ရေး အတွက် တရုတ်နှင့် အာဆီယံ နိုင်ငံများမှ သမိုင်းဝင် အကျိုးပြု စွမ်းဆောင်မှု တစ်ခု ဖြစ်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio