• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ်ဆိုင်ရာ ဆောင်ရွက်ရေးမူဘောင်ဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

(GMT+08:00) 2017-08-11 15:02:40

      ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရာဆိုခွန် က တောင်ပင်လယ်ဆိုင်ရာ ဆောင်ရွက်ရေးမူဘောင် အတည်ပြုပြဋ္ဌာန်းခြင်းသည်၊ တရုတ်- အာဆီယံဆက်ဆံမှုဖွံ့ဖြိုးရေးတွင် တက်ကြွပြီး အရေးကြီးသော ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်ကို ပြဆိုနေကြောင်း ယခုလ ၉ ရက်နေ့က ဖနွမ်းပင်မြို့တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ဆက်လက်၍ ပရာဆိုခွန်က၊ တောင်ပင်လယ်ဆိုင်ရာ ဆောင်ရွက်ရေးမူဘောင် အတည်ပြုပြဋ္ဌာန်းခြင်းသည်၊ တက်ကြွသော ခြေလှမ်းတစ်လှမ်းဖြစ်ရုံသာမက၊  နောက်ဆုံး ဆောင်ရွက်ရေးအခြေခံမူရရှိရန်အတွက်  အရေးကြီးသော ခြေလှမ်းတစ်လှမ်းလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio