• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုန်သွယ်ရေးနယ်ပယ်၌ ထိုင်းနှင့် ရုရှားပိုမိုပူးပေါင်းဆောင်ရွက်ကြမည်

(GMT+08:00) 2017-08-11 15:01:58

      ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်သည်၊ ယခုလ ၁၀ ရက်နေ့က ထိုင်းနိုင်ငံတွင် အလည်အပတ်ရောက်ရှိနေသည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်လော့ဗ်နှင့် တွေ့ဆုံပြီး၊ နှစ်ဖက်တို့အနေနှင့်  ထိရောက်သော ဆောင်ရွက်ချက်များဖြင့် နှစ်နိုင်ငံကုန်သွယ်ရေး ပမာဏကို အတိုင်းအတာကြီးမားစွာ တိုးမြှင့်သွားရန် စီမံကြကြောင်း ဆင်ဟွာသတင်းအရ သိရသည်။

ထို့အပြင်၊ နှစ်နိုင်ငံတို့အနေနှင့်၊ စွမ်းအင်၊ သိပ္ပံနည်းပညာ၊ လုံခြုံမှုနှင့် ရင်းနှီးမြှုပ်နှံမှု စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ဖက်တို့က ဆုံးဖြတ် ခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio