• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှင်းကျန်းသို့ ကျန်းစူးပြည်နယ်မှ ဆေးဝါးကုသရေး ဆိုင်ရာ ကူညီပံ့ပိုးရေး အဖွဲ့ သွားရောက်

(GMT+08:00) 2017-08-10 15:15:04

၂၀၁၆ခုနှစ် ဇွန်လက တရုတ်ပြည် ကျန်းစူးပြည်နယ် ပြည်သူ့ ဆေးရုံမှ နှလုံး ပင်မသွေးကြော ခွဲစိတ်ကုဌာန၊ နှလုံးသွေးကြော ဆေးဘက်ဆိုင်ရာ ကုသရေးဌာနနှင့် ထိုဆေးတင် ခွဲစိတ်ကုဌာနများမှ ဆရာဝန်နှင့် ဆေးအမှုထမ်း ၁၃ဦးဖြင့် ဖွဲ့စည်းထား သော ပထမအကြိမ် "ရွန့်ရှင်း"ဟုခေါ် ဆေးဝါးကုသရေး ဆိုင်ရာ ကူညီပံ့ပိုးရေး အစီအစဉ်မှ ဆေးကု ပညာရှင်များအဖွဲ့သည် ရှင်းကျန်း ဝေဂါလူမျိုး ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသ ကာဇ်လာစူကာရ်ကာဇ် ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသခွဲသို့ ရောက်ရှိခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

၎င်းတို့ ရောက်ရှိခဲ့သည့် တစ်ပတ်အတွင်း နှလုံးရောဂါ ခွဲစိတ်ကုသမှု ၆ခုကို ပြုလုပ်ခဲ့ကြောင်း၊ ယခုအထိ ၄င်းအစီအစဉ်ကို ၇ကြိမ်တိုင်တိုင် ပြုလုပ်ပြီး ဒေသခံ ရောဂါသည်များ အတွက် နှလုံးရောဂါ ခွဲစိတ်ကုသမှု ၄၉ခုကို ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင်၊ ကျန်းစူးပြည်နယ်မှ ဆရာဝန်နှင့် ဆေးအမှုထမ်းများသည် နှလုံးရောဂါ ခွဲစိတ်ကုသမှု ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ၂၆ကြိမ်ကို ကျင်းပပြီး ခေတ်မီ ခွဲစိတ်ကုသမှု နည်းပညာနှင့် ကြံဆချက်များကို ဆောင်ကြဉ်းပေးခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

   Webradio