• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ ချွေတာ ရေပေးဝေနည်းသည် အလယ်အာရှနှင့် အာဖရိကသို့ ဝင်ရောက် နေပြီ

(GMT+08:00) 2017-08-10 11:06:02

တရုတ်ပြည် ရှင်းကျန်း ဝေဂါလူမျိုး ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ ရှီဟိုကြည်မြို့ အနီး ကျေးလက်ဒေသများတွင် ရေစက် ရေပေးဝေနည်းဟု ခေါ်သည့် ချွေတာ ရေပေးဝေနည်း တစ်မျိုးကို ဆန်းသစ် တီထွင်ခဲ့သည်။ ယင်းနည်းကို အသုံးပြုပါက ရိုးရိုး စိုက်ပျိုးမြေထက် ရေ ၆၀ ရာခိုင်နှုန်းခန့် သက်သာ စေနိုင်သည်။ ယခု အထက်ပါ ချွေတာ ရေပေးဝေနည်းကို တရုတ်ပြည် ပြည်နယ်နှင့်မြို့ ၂၉ ခုရှိ ဟက်တာပေါင်း ၄၇ သိန်း ကျယ်ဝန်းသည့် စိုက်ပျိုးမြေ၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် အပြင် အလယ်အာရှနိုင်ငံများ၊ အာဖရိကနိုင်ငံများ အပါအဝင် နိုင်ငံ ၁၇ နိုင်ငံရှိ စိုက်ပျိုးမြေ ဟက်တာ ၁ သောင်းကျော်၌လည်း အသုံးပြုလာနေပြီဟု သတင်းရရှိပါသည်။

   Webradio