|
||||||||
|
|||||||||||||
ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး ကာယေတာနိုက၊ တောင်ပင်လယ် ငြိမ်းချမ်း တည်ငြိမ်ရေးသည် အရေး အကြီးဆုံး ဖြစ်ပြီး ဖိလစ်ပိုင်သည် တောင်ပင်လယ်ဒေသ၌ အငြင်းပွါးမှု နောက်ထပ်တစ်ကြိမ် ဖြစ်ပွါးရန် မမျှော်လင့်ကြောင်း ၈ ရက်နေ့က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားပါသည်။
စောစောပိုင်းက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ရာ ယင်းကြေညာချက်တွင် "ပင်လယ်ဖို့၍ မြေပြင် ဆောက်ခြင်း"နှင့် "စစ်ရေးဆောင်ရွက်မှု ကင်းမဲ့ခြင်း" ဝေါဟာရများ ပြောမိခြင်း ရှိသည်။ ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက၊ ယင်းသည် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် သဘောတူညီမှု မဟုတ်ဘဲ နိုင်ငံ တခုတလေ၏ ထင်မြင်ချက်ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး ကာယေတာနိုက၊ ကြေညာချက်တွင် ယင်းသို့သော ဝေါဟာရများ မူလက မပေါ်ထွက်စေလိုကြောင်း ပြောကြားသည်။ တောင်ပင်လယ် အနုညာတ စီရင်မှုနှင့် ပတ်သက်ပြီး ကာယေတာနိုက အနုညာတ စီရင်မှု၏ ရလဒ်သည် ဖိလစ်ပိုင် ပြည်သူများ၏ အကျိုးစီးပွါးကို အာမခံပေးနိုင်မည် မဟုတ်ကြောင်း ပြောကြားပါသည်။
|