• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် စီချွမ်းနှင့် ရှင်းကျန်း ငလျင်ဘေး ဖြစ်ပွါး ကုလ နှစ်သိမ်းအားပေး

(GMT+08:00) 2017-08-10 08:55:20

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒူဂျာရစ်က၊ တရုတ်ပြည် စီချွမ်းပြည်နယ်နှင့် ရှင်းကျန်းပြည်နယ်တွင် အင်အားပြင်း ငလျင် ဖြစ်ပွါးခဲ့ခြင်း အတွက် နှစ်သိမ့် အားပေးပါကြောင်း၊ ကုလသမဂ္ဂသည် အချိန်မရွေး ထောက်ပံ့ကူညီလိုကြောင်း ယခုလ ၉ ရက်နေ့ နေ့လယ်ပိုင်းက ကုလသမဂ္ဂ ရုံးဌာနချုပ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ်ပြည် စီချွမ်းပြည်နယ် ကျိုကျိုက်ကိုး ခရိုင်၌ ၈ ရက်နေ့ညက ရစ်ခ်ျတာစကေး ၇ အဆင့် ငလျင် တုန်လှုပ်မှု ဖြစ်ပွါးခဲ့ပြီး လက်ရှိအချိန်အထိ လူ ၁၉ ဦးထက်မနည်း သေဆုံးပြီ ဖြစ်၍ ၂၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၉ ရက်နေ့ နံနက်ပိုင်းတွင် ရှင်းကျန်း ဝေဂါ လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၌လည်း ရစ်ခ်ျတာစကေး ၆့ ၆ အဆင့် ငလျင် ဖြစ်ပွါးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အရေးပေါ် ကယ်ဆယ်ရေးများ ဆောင်ရွက်နေကြောင်း သတင်း ရရှိ ပါသည်။

   Webradio