• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မလေးရှား အရှေ့ပင်လယ်ကမ်းရိုးတန်း ရထားလမ်း စတင် ဆောက်လုပ်

(GMT+08:00) 2017-08-10 08:36:10

တရုတ်နှင့် မလေးရှားတို့ ပူးပေါင်း ဆောက်လုပ်သော မလေးရှား အရှေ့ ပင်လယ် ကမ်းရိုးတန်း ရထားလမ်း ဆောက်လုပ်ရေး လုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယခုလ ၉ ရက်နေ့က ကွမ်တန်မြို့၌ ကျင်းပခဲ့ရာ တရုတ် နိုင်ငံတော်ကောင်စီဝင် ဝမ်ယုံနှင့် မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ် တို့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ယင်းသည် နှစ်နိုင်ငံ သမိုင်းတွင် အကြီးဆုံးသော စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်နှင့် Belt and Road တလျှောက်မှာ စံတင်လောက်သော လုပ်ငန်းစဉ်လည်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဝမ်ယုံက၊ အရှေ့ ပင်လယ်ကမ်းရိုးတန်း ရထားလမ်းသည် မလေးရှား အရှေ့ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်မှု အားသစ်လောင်းပေးရန်နှင့် ဒေသတွင်း အပြန်အလှန် ဆက်သွယ်မှု တိုးမြှင့်ရန် မှတ်တိုင်သလို အရေးကြီး လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း၊ တရုတ်-လာအို ရထားလမ်း၊ တရုတ်-ထိုင်း ရထားလမ်းများနှင့်အတူ အာဆီယံ၏ အပြန်အလှန် ဆက်သွယ်ရေးနှင့် အသိုက်အဝန်း တည်ထောင်ရေးအတွက် အထောက်အကူ ပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် နာဂျစ်ဘ်က၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၊ ဝန်ကြီးချုပ် လီခေ့ချန်နှင့်  တရုတ်အစိုးရက ယင်းလုပ်ငန်းအပေါ် ထောက်ခံမှု အမျိုးမျိုး ပေးခဲ့ခြင်း အတွက် မိမိ ကျေးဇူးတင်ပါကြောင်း၊ ယင်းလုပ်ငန်း အကောင်အထည် ဖေါ်ဆောင် ပြီးနောက် မလေးရှား အရှေ့ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသရှိ ပြည်နယ် သုံးခု၏ ဂျီဒီပီကို လျာထားသည်ထက် ၁့ ၅ ရာခိုင်နှုန်းခန့် ပိုမို တိုးတက်စေမည် ဖြစ်ကြောင်း၊ ယင်းဒေသမှ ပြည်သူများ၏ ဝင်ငွေ တိုးသွားမည် ဖြစ်ပြီး မြို့နေပြည်သူနှင့် ကျေးလက်နေပြည်သူ များစွာတို့ အကျိုး ခံစားနိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

မလေးရှား အရှေ့ပိုင်း ပင်လယ်ကမ်းရိုးတန်း ရထားလမ်းသည် စုစုပေါင်း အရှည် ၆၈၈ ကီလိုမီတာ ရှိကြောင်း သိရပါသည်။

 

   Webradio