• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

(GMT+08:00) 2017-08-10 07:57:21

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၉ ရက်နေ့က ပီကင်းမြို့၌ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး ဖရီလန်နှင့် ဒုတိယအကြိမ် တရုတ်-ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးများ နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

နှစ်ဦးနှစ်ဖက်တို့က၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အရေးကြီး သဘောတူညီမှုများကို ထိရောက်စွာ အကောင်အထည် ဖေါ်ဆောင်သွားမည် ဖြစ်ကြောင်း၊ စီးပွါး ကုန်သွယ်ရေး၊ ဥပဒေ ကျင့်သုံးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ သဘောကွဲလွဲမှုများကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းမည် ဖြစ်ကြောင်း ဖေါ်ကြခဲ့ကြပါသည်။

နှစ်ဖက်တို့သည် သက်ဆိုင်ရာ နိုင်ငံတကာနှင့်ဒေသရေးရာများကိုလည်း ဆွေးနွေး ခဲ့ကြပါသည်။

   Webradio