• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်၏ ကာကွယ်ရေးစက္ကူဖြူစာတမ်း တရုတ် ကန့်ကွက်

(GMT+08:00) 2017-08-10 07:55:43

ဂျပန် အစိုးရက ကာကွယ်ရေး စက္ကူဖြူစာတမ်းသစ် အတည်ပြုခဲ့ခြင်း ကိစ္စနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ ယင်းစက္ကူဖြူစာတမ်းသည် အဖြစ်မှန်ကို နောက်ထပ် တစ်ကြိမ် လျစ်လျူရှုပြီး တရုတ်ပြည်၏ ပုံမှန် နိုင်ငံတော်ကာကွယ်ရေး ထူထောင်မှုနှင့် စစ်ရေး လှုပ်ရှားမှုများကို အကြောင်းမဲ့ အပြစ်တင်သည့်အပြင် တောင်ပင်လယ် ပြဿနာ အပေါ်လည်း ကုန်းချော စကား ပြောနေကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသည် ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်ပြီး ဂျပန်နိုင်ငံအား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ပြီ ဖြစ်ကြောင်း ယခုလ ၉ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

   Webradio