• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါလက်စတိုင်းသည် ကုလသမဂ္ဂတရားဝင်အဖွဲ့ဝင်နိုင်ငံအဖြစ် နောက်ထပ်တစ်ကြိမ် လျှောက်လွှာတင်မည်

(GMT+08:00) 2017-08-09 17:29:27

ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး မာလ်ကီက ပါလက်စတိုင်းအနေနှင့် ကုလသမဂ္ဂ၏တရားဝင် အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား နောက်ထပ်တစ်ကြိမ်လျှောက်လွှာတင်မည်ဟု ယခုလ ၈ ရက်နေ့က ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလက ပါလက်စတိုင်းနိုင်ငံခေါင်းဆောင် အာဘာ့စ်က ကုလသမဂ္ဂ၏တရားဝင် အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ လျှောက်လွှာတင်ခဲ့သော်လည်းလုံခြုံရေးကောင်စီမှအတည်ပြုခြင်းမခံရကြောင်း၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က ကျင်းပသော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်းနိုင်ငံ ကုလသမဂ္ဂ၏အကဲခတ်နိုင်ငံအဖြစ် ပေးရန်ဆုံးဖြတ်ချက်အတည်ပြုခဲ့ကြောင်း သိရပါသည်။

   Webradio