• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒေသတွင်း ပြဿနာနှင့် ဘုံစိန်ခေါ်မှုများ အပေါ် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးများ အာရုံစိုက်

(GMT+08:00) 2017-08-09 15:31:32

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးများကို ယခုလ ၂ရက်နေ့မှ ၈ရက်နေ့အထိ ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တော်တွင် ကျင်းပခဲ့ကြောင်း၊ အာဆီယံ ၁၀နိုင်ငံမှ ကိုယ်စားလှယ်များနှင့် အခြား အစည်းအဝေး တက်ရောက်သူများသည် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ အာဆီယံနှင့် သက်ဆိုင်ရာ နိုင်ငံ(10+1) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား (10+3) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ အရှေ့အာရှ ထိပ်သီး အစည်းအဝေး ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ ဒေသတွင်း ဖိုရမ်စသည့် အစည်းအဝေးများတွင် ဒေသတွင်း အေးချမ်းတည်ငြိမ်ရေး၊ အတူတကွ ရင်ဆိုင်နေရသော စိန်ခေါ်မှုစသည်များနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ကာ သဘောတူညီမှုများ ရရှိခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

တောင်ပင်လယ် စီမံခန့်ခွဲမှုမူဘောင်ကို အတည်ပြု ပြဌာန်းခြင်းသည် ယခုအကြိမ် အစည်းအဝေးများတွင် ရရှိခဲ့သော အရေးကြီးအောင်မြင်မှု ဖြစ်ကြောင်း၊ တရုတ်နှင့် အာဆီယံ နိုင်ငံများမှ လက်တွဲကြိုးပမ်းမှုဖြင့် တောင်ပင်လယ် ပြဿနာကို တိုက်ရိုက် သက်ဆိုင်သည့် ဘက်များ အကြား တိုင်ပင်ဆွေးနွေးခြင်းဖြင့် ဖြေရှင်းရေး လမ်းကြောင်းပေါ် ပြန်လည်တက်လှမ်းစေခဲ့ပြီ ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

ယခုအကြိမ် အစည်းအဝေးများသို့ တက်ရောက်သော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ယခုနှစ် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှ ထုတ်ပြန်သော ပူးတွဲ ကြေညာချက်တွင် အာဆီယံ ၁၀နိုင်ငံတို့သည် တရုတ်ပြည်နှင့် ပူးပေါင်းဆောင်ရွက်မှုတွင် ရရှိခဲ့သော အောင်မြင်မှုများကိုရော၊ တောင်ပင်လယ် အခြေအနေ တည်ငြိမ်လာခြင်းနှင့် ကောင်းမွန်လာခြင်းကိုရော၊ တရုတ်ပြည်နှင့် အတူ ချမှတ်ခဲ့သော တောင်ပင်လယ် စီမံ ခန့်ခွဲမှုမူဘောင်ကိုပါ အပြည့်အဝ အတည်ပြုပြီး နောက်ဆက်တွဲ ပြုလုပ်ရမည့် ဆွေးနွေးခြင်း လုပ်ငန်းများကို တွန်းအားပေးရန် တက်ကြွသော သဘောထားကိုလည်း ဖော်ပြကြကြောင်း ရေးသားဖော်ပြသည်ဟု ပြောကြားသည်။

   Webradio