• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် တပ်မတော်ကို ဂုဏ်ပျက်အောင် ဂျပန် ကာကွယ်ရေး စက္ကူဖြူ စာတမ်းတွင် ဆောင်ရွက်ခြင်းကို တရုတ် ပြတ်သားစွာ ဆန့်ကျင်

(GMT+08:00) 2017-08-09 15:30:56

ယခုလ ၈ရက်နေ့က ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော ၂၀၁၇ခုနှစ် ကာကွယ်ရေး စက္ကူဖြူ စာတမ်းတွင် တရုတ် တပ်မတော်ကို ဂုဏ်သိက္ခာပျက်အောင် ဖော်ပြခြင်းနှင့် နိုင်ငံတကာ မိသားစုကြီးကို ပြောင်ပြောင်တင်းတင်း လိမ်လည်မှုများစွာ ရှိကြောင်း၊ တရုတ် နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက ပြောကြားခဲ့သလို တစ်ဆက်တည်းမှာပဲ ၄င်းစက္ကူဖြူစာတမ်းနှင့် ပတ်သက်၍ မိန့်ခွန်း ပြောကြားရာတွင် တရုတ်တပ်မတော် အနေနှင့်  ၄င်းစက္ကူဖြူစာတမ်းတွင်ပါ ဖော်ပြချက်နှင့် လိမ်လည်မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင် ကြောင်း၊ ဂျပန်ဘက်အား အလေးအနက် အရေးဆိုကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

ဂျပန်နိုင်ငံမှ ၄င်းစက္ကူဖြူစာတမ်းသည် အဏ္ဏဝါ လုံခြုံရေး ပြဿနာကို အကြောင်းပြု ပြီး "တရုတ်ပြည်မှ ခြိမ်းခြောက်မှု" ပြောဆိုချက်ကို နောက်ထပ် လှုံ့ဆော်ဝါဒဖြန့်ကြောင်း၊ ရှင်ဇိုအာဘေး အစိုးရ၏ ချဲ့ထွင်မှု ကာကွယ်ရေး မူဝါဒ ဆက်လက် ကျင့်သုံးရေး အတွက် အကြောင်းပြချက် ရှာကြံရန် ၄င်းစက္ကူဖြူစာတမ်းက ရည်ရွယ်ထားကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

   Webradio