• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ရှင်းကျန်း သဲကန္တာရကြီး ၂ကွက် အကြား မြစိမ်းရောင် စင်္ကြန် တည်ဆာက် ပြီးစီး

(GMT+08:00) 2017-08-09 15:30:16

တရုတ်ပြည် အနောက်မြောက်ပိုင်း ရှင်းကျန်း ဝေဂါလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ တာလီမူ စိုက်ပျိုးခြံသည် တတ်လာမာကန် သဲကန္တာရကြီးနှင့် ကွန်တတ် သဲကန္တာရကြီး အကြားတွင် တည်ရှိကြောင်း၊ သဘာဝ ပတ်ဝန်ကျင်း အဆက်မပြတ် ဆိုးရွားလာ သောကြောင့် ၄င်းသဲကန္တာရကြီး ၂ကွက်သည် နှစ်စဉ် ၅မီတာ အရှိန်ဖြင့် နီးကပ်ပေါင်းစည်း လာနေကြောင်း၊ သဲကန္တာရကြီး ၂ကွက် အကြား အကျဉ်းမြောင်းဆုံး အကွာမှာ ၂ကီလိုမီတာပင် ရှိကြောင်း၊ ၄င်းသဲကန္တာရကြီး ၂ကွက် ပေါင်းစည်းပါက တရုတ်ပြည်၏ လယ်မြေ သဲကန္တာရ ဖြစ်မှုကို အရှိန်မြှင့်မည့် အပြင်၊ တရုတ်ပြည်မြောက်ပိုင်းမှ လေတိုက်ခတ်၍ တထောင်း ထောင်းထလာသော သဲမှုန်များသည် ဟိုရှီးစင်္ကြန်ကို ဖြတ်သန်းပြီး တရုတ်ပြည် တောင်ပိုင်း ဒေသ အများစုတွင် ဝင်ရောက်မည် ဖြစ်ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

သဲကန္တာရ ဖြစ်မှုကို ကြိုတင်ကာကွယ်ရေးနှင့်ပြုပြင်ရေး အတွက် ရှင်ကျန်း တည်ဆောက်ရေး တပ်ဖွဲ့စုမှ လူ၆သောင်းကျော်သည် တာလီမူ စိုက်ပျိုးခြံတွင် နေထိုင် စားသောက်ပြီး သစ်ပင်များ စိုက်ပျိုးကြကြောင်း၊ သဲကန္တာရ ရွှေ့လျားခြင်းကို ခုခံကာကွယ် ရန် ၄င်းတို့၏ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ၁၄ကီလိုမီတာ ကျယ်ပြီး ကီလိုမီတာ ၁၈၀ ရှည်လျားသည့် လူစိုက်ပျိုးသည့် သစ်တော ဖြစ်ပေါ်လာကာ သဲကန္တာရကြီးတွင် မြစိမ်း ရောင် အံ့ချီးဖွယ်ရာ တစ်ခု ဖြစ်လာကြောင်း ရေးသားဖော်ပြသည်။

 

 

   Webradio