• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်မှုသည် အရေးအကြီးဆုံး ဖြစ်သည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး ဆို

(GMT+08:00) 2017-08-09 09:34:24

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး ကာယေတာနိုက၊ တောင်ပင်လယ် ငြိမ်းချမ်း တည်ငြိမ်မှုသည် အရေး အကြီးဆုံး ဖြစ်ကြောင်း၊ တောင်ပင်လယ်၌ အငြင်းပွါးမှု နောက်ထပ် တစ်ကြိမ် မဖြစ်ပွါးရန် ဖိလစ်ပိုင်က မျှော်လင့်ကြောင်း ယခုလ ၈ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျ သုံးနိုင်ငံတို့ တောင်ပင်လယ် ရေးရာနှင့် ပတ်သက်ပြီး မကြာမီက ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ကိစ္စနှင့် ပတ်သက်ပြီး ကာယေတာနိုက၊ ဖိလစ်ပိုင်သည် လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်ခွင့် ရှိသည့် နိုင်ငံ ဖြစ်ပြီး အခြားသော နိုင်ငံများက ဖိလစ်ပိုင်အား မည်သို့ လုပ်သနည်း ဟူသည်ကို ပြောပြရန် မလိုအပ်ပါကြောင်း ပြောကြားပါသည်။

   Webradio