• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် စီချွမ်းပြည်နယ် ကျိုကျိုက်ကိုး ငလျင် ဖြစ်ပွါး

(GMT+08:00) 2017-08-09 08:01:30

ယခုလ ၈ ရက်နေ့ ည ၉ နာရီ ၁၉ မိနစ်တွင် တရုတ်ပြည် စီချွမ်းပြည်နယ် ကျိုကျိုက်ကိုး ခရိုင်၌ ရစ်ချီတာစကေး ၇ အဆင့် ငလျင် တုန်လှုပ်မှု ဖြစ်ပွါးခဲ့ရာ ငလျင်၏ ဗဟို ချက်မ နေရာသည် မြေအောက် ကီလိုမီတာ ၂၀ ခန့် နက်ရာ၌ ရှိကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

၈ ရက်နေ့ည ၁၀ နာရီ ၅၈ မိနစ် အချိန်အထိ ငလျင်ဘေးကြောင့် လူ ၅ ဦး သေဆုံးပြီ ဖြစ်ပြီး ၆၀ ကျော် ဒဏ်ရာ ရရှိကာ ယင်းတို့အနက် လူ ၃၀ ခန့် ဒဏ်ရာ ပြင်းထန်ကြောင်း သတင်းရရှိပါသည်။

   Webradio