• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တည်ထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

(GMT+08:00) 2017-08-09 07:53:40

တရုတ်ပြည် မြောက်ပိုင်းဒေသ၌ တည်ရှိသော အတွင်း မွန်ဂိုး ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသ တည်ထောင်ခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယခုလ ၈ ရက်နေ့က ခမ်းနားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ယွီကျင့်ရှင်းသည် ဗဟို ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ယူကျင့်ရှင်းက၊ အတွင်းမွန်ဂိုးပြည်နယ် တည်ထောင်ခဲ့ခြင်းသည် တရုတ်ပြည် တိုင်းရင်းသားလူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ စနစ်ဆိုင်ရာ အောင်မြင်သော စံနမူနာ ဖြစ်ကြောင်း၊ ယင်းစနစ်ကို စွဲကိုင်ရမည် ဖြစ်ပြီး ပိုမို ပြည့်စုံ ကောင်းမွန်လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား လူမျိုးစု ပေါင်းစုံတို့ ကူးလူးဆက်ဆံရေးနှင့် သင့်မြတ်ဖေါ်ရွေစွာ အတူယှဉ်တွဲနေထိုင်ရေးကို အားသစ်လောင်းပေးရမည် ဖြစ်ကြောင်း၊ အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု၊ ဂေဟစနစ် ယဉ်ကျေးမှု၊ ပြည်သူလူထု နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်ရေးတို့ကို အဆက်မပြတ် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

အတွင်း မွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသကို ၁၉၄၇ ခုနှစ်က တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသည် တရုတ်ပြည်၏ ပထမ ဦးဆုံးသော ပြည်နယ်အဆင့် တိုင်းရင်းသား လူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဖြစ်သည်။ အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တွင် မွန်ဂိုး၊ ဟန်၊ မန်၊ ဟွေ၊ ဒါဝေါ စသည့် တိုင်းရင်းသား လူမျိုးစု ၅၅ စု နေထိုင် နေကြသည်။

   Webradio