• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပူးတွဲကြေညာစာတမ်းနှင့်ပတ်သက်၍ ဝမ်ယိပြောဆို

(GMT+08:00) 2017-08-08 15:57:54

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယခုလ၇ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမနီလာမြို့၌ အရှေ့အာရှပူးပေါင်းဆောင်ရွက်မှုနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများတက်ရောက်ပြီးသတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်ဟု တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

ထိုနေ့ကထုတ်ပြန်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပူးတွဲကြေညာစာတမ်းနှင့် ပတ်သက်၍ ဝမ်ယိက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာစာတမ်းသည် ဘက်စုံပါဝင်သည့်ကြေညာစာတမ်းဖြစ်ကြောင်း၊ တရုတ်-အာဆီယံဆက်ဆံမှုတွင်ရရှိခဲ့သောအရေးကြီးတိုးတက်မှုကို ဘက်စုံ ရေးသားဖော်ပြပြီး တရုတ်-အာဆီယံဆက်ဆံမှု၏ရှေ့အလားအလာအပေါ် ဘက်အသီးသီး၏ ယုံကြည်မှုကို ဖေါ်ပြကြောင်း၊ တရုတ်ပြည်က အနာဂတ် တရုတ်-အာဆီယံ ဆက်ဆံမှုတိုးတက်ရေးဆိုင်ရာ အဆိုပြုချက်၇ရပ်ကို တင်ပြခဲ့ပြီး အာဆီယံနိုင်ငံအသီးသီးတို့သည် အဆိုပါအဆိုပြုချက်များကို သဘောတူ ထောက်ခံကြကြောင်း၊ ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio