• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိ၂၄ကြိမ်မြောက်အာဆီယံဒေသတွင်းဖိုရမ်နိုင်ငံခြားဝန်ကြီးများအစည်းအဝေးသို့တက်ရောက်

(GMT+08:00) 2017-08-08 15:57:22

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယခုလ၇ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမနီလာမြို့၌ ကျင်းပသော ၂၄ကြိမ်မြောက်အာဆီယံဒေသတွင်းဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ခဲ့ကြောင်း တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

ယခုအကြိမ်အစည်းအဝေး၌ ဝန်ကြီးဝမ်ယိက လက်ရှိအချိန်တွင် အာရှ-ပစိဖိတ်ဒေသတွင် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးအရှိန်ထိန်းသိမ်းထားနေကြောင်း၊ သို့သော် တနေ့တခြား တင်းမာလာသော အကြမ်းဖက်မှု၊ နိုင်ငံဖြတ်ကျော်ပြစ်မှု ကျူးလွန်မှုနှင့် သဘာဝ ဘေးအန္တရာယ်များစသော သမားရိုးကျ နယ်ပယ်မဟုတ်သော လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေ နှင့်ရင်ဆိုင်နေရကြောင်း၊ တရုတ်ပြည်ဘက်သည် ပူးပေါင်းဆောင်ရွက်ပြီး ဆက်တိုက်ဖွံ့ဖြိုးသော ရေရှည်လုံခြုံရေးအတွေးအခေါ်ကို တိုက်တွန်းလိုကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကျိုးရှိစေရေးကို အမြုတေအဖြစ်ထားသောအမျိုးအစားသစ် နိုင်ငံတကာ ဆက်ဆံမှုသစ်ကို တည်ဆောက်ရန်အဆိုပြုကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio