• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်၏ နိုင်ငံခြား အရန်ငွေ ပမာဏ ၆လ ဆက်တိုက် တိုးလာ

(GMT+08:00) 2017-08-08 15:42:57

ယခုလ ၇ရက်နေ့က တရုတ် ဗဟိုဘဏ်မှ ထုတ်ပြန်သော စာရင်းတွင် ယခုနှစ် ဇူလိုင်လ လကုန်ပိုင်းအထိ တရုတ်ပြည်၏ နိုင်ငံခြား အရန်ငွေ ပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံပေါင်း ၃၀၈၀ခန့် ရှိပြီး ယခုနှစ် ဇွန်လ လကုန်ပိုင်းကထက် ကန်ဒေါ်လာ ၂၃့၉ဘီလီယံ တိုးလာကာ ၆လ ဆက်တိုက် တိုးလာ၍ ၂၀၁၄ခုနှစ် ဇွန်လ နောက်ပိုင်းတွင် အရှည်ဆုံး တိုးပွားချိန် ဖြစ်ကြောင်း ဖော်ပြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

တရုတ် စီးပွားရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နိုင်ငံခြား အရန်ငွေ ပမာဏကို ထိန်းသိမ်းထားခြင်းနှင့် တရုတ်ယွမ်ငွေ လဲလှယ်နှုန်း တည်ငြိမ်စေရေး  အတွက် အကျိုးရှိကြောင်း ပညာရှင်များက ယူဆကြသည်။

တရုတ် နိုင်ငံခြားငွေ စီမံကွပ်ကွဲရေး ဌာနမှ သက်ဆိုင်ရာ တာဝန်ခံရှိသူ တစ်ဦးက ယခုနှစ် ဇူလိုင်လက တရုတ်ပြည်၏ နိုင်ငံဖြတ်ကျော် ငွေရင်း လည်ပတ်စီးဆင်းမှုသည် ဆက်လက် တည်ငြိမ်ပြီး နိုင်ငံခြားငွေ လိုအပ်မှုနှင့် ထောက်ပံ့မှု အခြေခံအားဖြင့် ညီမျှကြောင်း၊ နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် အမေရိကန် ဒေါ်လာ မဟုတ်သော ငွေကြေးများသည် အမေရိကန် ဒေါ်လာ အပေါ် တန်ဖိုးမြင့်တက်လာ၍ အမေရိကန် ဒေါ်လာဖြင့် တွက်သည့် နိုင်ငံခြား အရန်ငွေ ပမာဏ တိုးလာကြောင်း ပြောကြားသည်။

တရုတ်ပြည်၏ နိုင်ငံခြား အရန်ငွေ ၆လ ဆက်တိုက်တိုးလာခြင်းသည် တရုတ် စီးပွားရေး အခြေခံ အခြေအနေ ကောင်းမွန်လာခြင်းနှင့် နွေးထွေးသည့် ပတ်သက်မှု ရှိကြောင်း၊ မကြာခင်က အနောက်ပိုင်း နိုင်ငံများမှ တတ်သိပညာရှင်များက တရုတ်ပြည်၏ စီးပွားရေး ရေရှည်ခိုင်မာမှု ရှိခြင်းကို ချီးကျူးကြောင်း သိရသည်။ Bloomberg Newsက ယခုနှစ် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာ ပြန်လည်ကောင်းမွန်လာ ခြင်းသည် တရုတ် စီးပွားရေး အတွက် ပြည်ပမှ ဝယ်လိုအား ဆိုင်ရာ ကောင်းမွန်သည့် အခြေအနေ ဖန်တီးပေးခဲ့ကြောင်း ရေးသားဖော်ပြသည်။

   Webradio