• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ တည်ထောင်ခဲ့သည့် နှစ်၅၀ပြည့်မြောက်ခြင်း အတွက် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အာဆီယံ အလှည့်ကျ သဘာပတိ ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေးထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00) 2017-08-08 15:42:16

သြဂုတ်လ ၈ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အာဆီယံ အလှည့်ကျ သဘာပတိ ဖြစ်သည့် ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေးထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ရာ အာဆီယံ တည်ထောင်ခဲ့သည့် နှစ်၅၀ပြည့်မြောက်ခြင်းကို ဂုဏ်ပြု ကြောင်းဖော်ပြသည်။

ဒီဝမ်းမြောက်ကြောင်းသဝဏ်လွှာ၏ အပြည့်အစုံမှာ

ယခု အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ တည်ထောင်ခဲ့သည့် နှစ်၅၀ပြည့် အခါသမယ တွင် တရုတ် အစိုးရနှင့် ပြည်သူများ၏ ကိုယ်စား ကျွန်တော်သည် သမ္မတ ဒူတာတေး ကိုရော၊ သမ္မတ ဒူတာတေး မှတစ်ဆင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ အစိုးရနှင့် ပြည်သူများကိုပါ လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း ဆုတောင်း မေတ္တာပို့သလိုက်ပါသည်။

အာဆီယံ တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း အဆက်မပြတ် ဖွံ့ဖြိုးကြီးထွား လာပြီး အသိုက်အဝန်းကို တည်ဆောက်ပြီးစီးကာ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေး အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပြီး ကမ္ဘာ့ဘက်ပေါင်းစုံ ပါဝင် ဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးတွင် ကိုယ်စားပြုမှု ရှိသည့် အင်အား တစ်ခု ဖြစ်လာသည်။ အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေးတွင် ပိုမိုကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှုသစ်များ ရရှိပြီး ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးနှင့် စည်ပင်သာယာရေး အတွက် ပိုမိုကြီးမားသည့် အကျိုးပြု စွမ်းဆောင်မှု ပြုလုပ်ကာ အာဆီယံ နိုင်ငံများမှ ပြည်သူများ အတွက် ပိုမိုများပြားသည့် ချမ်းမြေ့သာယာမှုများကို ဖန်တီးပေးရန် တရုတ်ပြည်က မျှော်လင့် ပါသည်။

၁၉၉၁ခုနှစ်က အာဆီယံနှင့် ဆွေးနွေးရေး ဆက်ဆံမှု ထားရှိခဲ့သည့် နောက်ပိုင်းတွင် တရုတ်ပြည် အနေနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမူကို စွဲကိုင်ခဲ့ပါသည်။ နှစ်ဖက်တို့ အကြား နိုင်ငံရေး ဆိုင်ရာ အပြန်အလှန် ယုံကြည်မှု အဆက်မပြတ် တိုးပွား လာပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်မြင်မှု များစွာ ရရှိခဲ့သည်။ တရုတ်-အာဆီယံ ဆက်ဆံမှုသည် အာဆီယံ၏ ဆွေးနွေးဖက် ဆက်ဆံမှုများတွင် ရှင်သန်မှုနှင့် အနှစ်သာရ အများဆုံးသော ဆက်ဆံမှု ဖြစ်လာပါသည်။

တရုတ်ပြည် အနေနှင့် အိမ်နီးချင်းကောင်း မိတ်ဖက် ဆက်ဆံရေး၊ ဘေးပတ်ဝန်းကျင် နိုင်ငံများ အပေါ် စိတ်ရင်းစေတနာရှိစွာဖြင့် သဘောထားခြင်း၊ အပြန်အလှန် အကျိုးရှိ စေရေးနှင့် သက်ညှာထောက်ထားမှု ရှိရေး ခံယူချက်များကို ဆက်လက် စွဲကိုင်ပြီး ၂၀၁၈ခုနှစ်တွင် တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့် ၁၅နှစ် ပြည့်မြောက်နှစ် အခွင့်ကောင်းကို ယူပြီး လက်ရှိ အခြေအနေပေါ် မူတည်ကာ အနာဂတ်ရေး ကိုထည့်သွင်းစဉ်းစားပြီး ပိုမိုနွေးထွေးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်းကို တည်ဆောက်လိုကြောင်း၊ တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်းသည် အာရှ ကံကြမ္မာ အသိုက်အဝန်းများ အတွက် စံနာမူနာ ဖြစ်ရန် မျှော်လင့်ပါသည်ဟု သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

   Webradio