• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ခုနှစ် "စုန့်ချင့်လင်ဖလား" တရုတ်-အာဆီယံ လူငယ်များ ချစ်ကြည်ရေး ဘောလုံး ပြိုင်ပွဲ တရုတ်ပြည်တွင် ကျင်းပ

(GMT+08:00) 2017-08-08 15:41:20

၂၀၁၇ခုနှစ် "စုန့်ချင့်လင်ဖလား" တရုတ်-အာဆီယံ လူငယ်များ ချစ်ကြည်ရေး ဘောလုံး ပြိုင်ပွဲကို ယခုလ ၇ရက်နေ့က တရုတ်ပြည် ချင်ဟွမ်းတောင်မြို့တွင် စတင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုဥက္ကဋ္ဌ၊ တရုတ်ပြည် "စုန်ချင့်လင်" ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ ဝမ်ကြားရွှေ၊ အာဆီယံ နိုင်ငံများမှ သံတမန် အရာရှိများနှင့် ဘောလုံးအားကစားသမားများ အပါအဝင် ပုဂ္ဂိုလ် ၃-၄ရာတို့ ဘောလုံးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် တရုတ် နိုင်ငံမှ ဘောလုံးအသင်း ၁၀သင်းတို့သည် ၄င်းဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

၎င်းဘောလုံး ပြိုင်ပွဲကို ၅ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း၊ ဘောလုံးပွဲ ကျင်းပစဉ် အတောအတွင်း လူငယ်များ ပျော်ပွဲရွှင်ပွဲနှင့် လည်ပတ်ကြည့်ရှုမှု စသည့် ယဉ်ကျေးမှု ဆိုင်ရာ ကူးလူးဖလှယ်ရေး လှုပ်ရှားမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

 

   Webradio