• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်တာနက်ဖြင့် ဇန့်လူမျိုး တိုင်းရင်းဆေး ရောင်းချ

(GMT+08:00) 2017-08-08 12:01:05

တာဝါဖိန်ဆို့သည် ရှီဇန့်ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ လင်ကြည်မြို့ ဘာယီရပ်ကွက် ကြာတင့်ကျေးရွာ ရွာသူကြီး ဖြစ်သလို ကုန်ဘု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လယ်သမားနှင့် မွေးမြူရေးသမားများ သမဝါယမ တာဝန်ခံလည်း ဖြစ်ကြောင်း၊ ၂၀၁၂ခုနှစ် ဇွန်လက အစိုးရ ထောက်ပံ့ငွေဖြင့် ကြာတင့်ကျေးရွာမှ လယ်သမားနှင့် မွေးမြူရေး သမား အိမ်ထောင်စု ၁၁စုသည် ၄င်းသမဝါယမကို တည်ထောင်ခဲ့ပြီး ၄င်းကျေးရွာမှ အိမ်ထောင်စု ၃စု၏ ဆင်းရဲမှုကို ပပျောက်စေခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

လင်ကြည်ဒေသတွင် ကြွယ်ဝသော ဇန့်လူမျိုး တိုင်းရင်းဘယဆေး အရင်းအမြစ်ရှိ ၍  "ဇန့်ရှန်း"ဟု ခေါ်ဝေါ်ကြသည့် ဇန့်လူမျိုး တိုင်းရင်းဆေး ထုတ်လုပ်ခြင်းတွင် အားသာ ချက်ရှိကြောင်း၊ တာဝါဖိန်ဆို့သည် ပိုမိုများပြားသည့် "ဇန့်ရှန်း"ကို ရောင်းချရန် အင်တာနက်တွင် ဝက်ဘ်ဆိုက်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ ထို့အပြင်၊ ၄င်းသည် taobaoနှင့် weixinစသည့် အင်တာနက် ပလက်ဖောင်းမှတစ်ဆင့် ရောင်းချကြောင်း၊ ယမန်နှစ် ဇွန်လမှ ဒီဇင်ဘာလ အထိ "ဇန့်ရှန်း" ရောင်းချမှု ပမာဏမှာ တရုတ် ယွမ်ငွေ ၂သိန်းကျော်ရှိကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

   Webradio