• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် အာဆီယံ ၈ နိုင်ငံက သီးသန့် ခန်းပြခန်းဆောင်ထားရှိ

(GMT+08:00) 2017-08-08 11:56:43

ယခုနှစ် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် ၈ နိုင်ငံက သီးသန့် ပြခန်းဆောင်ထားရှိမည်ဖြစ်ကြောင်း၊ ယင်းတို့အနက် အဓိက မိတ်ဆက်ပေးသော နိုင်ငံဘရူနိုင်းနိုင်ငံက ပထမဆုံးအကြိမ် ပြခန်းဆောင်တစ်ခုလုံးငှါးခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံ၏ ပြသမှု အတိုင်းအတာအကြီးကျယ်ဆုံးဖြစ်ကြောင်း တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်းရေးမှူးရုံးမှ သတင်းကိုကိုးကားပြီး ဆင်ဟွာသတင်းတွင် ရေးသားဖော်ပြပါသည်။

၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည်ဟု သိရပါသည်။

 

   Webradio