• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကိုးရီးယားကျွန်းဆွယ် နျူကလီးယားပြဿနာနှင့်ပတ်သက်ပြီး ဝမ်ယိပြောကြား

(GMT+08:00) 2017-08-08 10:15:53

        ယခုလ ၇ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပသော သတ္တမအကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ရာ ကိုးရီးယားကျွန်းဆွယ် နျူကလီးယားပြဿနာနှင့်ပတ်သက်ပြီး ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ဝမ်ယိက မြောက်ကိုးရီးယားနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး ဒုံးကျည်များကို ကြိမ်ဖန်များစွာ ပစ်လွှတ်ခဲ့ကြောင်း၊ တရုတ်ပြည်ဘက်သည် နိုင်ငံတကာ မိသားစုကြီးနှင့်အတူ ကန့်ကွက်သည့် သဘောထားကို ဖော်ပြပြေီဖြစ်ကြာင်း၊ မိမိတို့သည် လုံခြုံရေးကောင်းစီမှ အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဆုံးဖြတ်ချက် အမှတ် ၂၃၇၁ ကို ညှိနှိုင်းဆွေးနွေးပြီး အတည်ပြုခဲ့ကြောင်း ပြောကြားသည်။

        ဆုံးဖြတ်ချက် အမှတ် ၂၃၇၁ တွင် မြောက်ကိုးရီးယားနိုင်ငံအား အရေးယူမှုများကို သတ်မှတ်သည့်အပြင် ၆ပွင့်ဆိုင် ဆွေးနွေးပွဲကို ပြန်လည်ကျင်းပရန် သတ်မှတ်ပြီး ကိုးရီးယားကျွန်းဆွယ်နျူကလီးယားပြဿနာကို နိုင်ငံရေးနှင့် နိုင်ငံခြားရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ၊ အထူးသဖြင့် အခြေအနေ ပိုမဆိုးဝါးစေရန် တောင်းဆိုကြောင်း သတင်းအရ သိရပါသည်။

   Webradio