• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးများကို ဝမ်ယိ ပြောဆို

(GMT+08:00) 2017-08-08 08:25:35

ယခုလ ၇ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဖိလစ်ပိုင်နိုင်ငံ မနီလာ မြို့၌ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အစည်းအဝေး၏ သက်ဆိုင်ရာ အကြောင်းအရာများနှင့် တရုတ်ပြည်ဘက်၏ ထင်မြင်ချက်များကို ရှင်းလင်း ပြောကြား ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဝမ်ယိက၊ အစည်းအဝေး၏ ထိရောက်မှု အရှိဆုံးသော တိုးတက်မှုမှာ တရုတ်နှင့် အာဆီယံ နိုင်ငံများသည် တောင်ပင်လယ်ဆိုင်ရာ ဆောင်ရွက်မှုမူ COC မူဘောင်ကို အောင်မြင်စွာ ရေးဆွဲချမှတ် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio