• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကြက်ခြေနီအသင်း မြန်မာ ကြက်ခြေနီ အသင်းအား ကန်ဒေါ်လာ ၁ သိန်း လှူဒါန်း

(GMT+08:00) 2017-08-08 08:20:16

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန့်သည် ယခုလ ၇ ရက်နေ့က တရုတ် ကြက်ခြေနီအသင်း ကိုယ်စား မြန်မာ ကြက်ခြေနီအသင်းအား အမေရိကန်ဒေါ်လာ ၁ သိန်းကို လှူဒါန်းပေးပြီး မြန်မာနိုင်ငံ၌ ရေးဘေးသင့်ပြည်သူများအား အရေးပေါ် ထောက်ပံ့ ကူညီပေးမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

မိုးရာသီ အတွင်း မြန်မာနိုင်ငံ၌ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုထက်မနည်း ရေကြီးမှုများ ဖြစ်ပွါးခဲ့ကြောင်း၊ လွန်ခဲ့သည့်လ လကုန်အထိ ဘေးသင့်သူ ဦးရေမှာ ၁ သိန်း ၃ သောင်းကျော် ရှိပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ယခုလောလောဆယ်တွင် မြန်မာနိုင်ငံတွင် H1N1 တုပ်ကွေးရောဂါလည်း ဖြစ်ပွါး နေသည်။ သံအမတ်ကြီး ဟုန်လျန့်က၊ တရုတ်ပြည်ဘက်သည် မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ အမြန်ဆုံး ထောက်ပံ့ကူညီပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio