• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိနှင့် လာဗ်ရိုဗ် တွေ့ဆုံ

(GMT+08:00) 2017-08-07 15:42:40

        ယခုလ ၆ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပသော အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများအဆင့် အစည်းအဝေးများသို့ တက်ရောက်ရာတွင် ရုရှား နိုင်ငံခြားရေးဝန်ကြီး လာဗ်ရိုဗ်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် ဝမ်ယိက လွန်ခဲ့သည့် ဇူလိုင်လက တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ရုရှားခရီးစဉ်တွင် သမိုင်းဝင် အောင်ကျိုးရလဒ်များ ရရှိခဲ့ကြောင်း၊ ယင်းသည် နှစ်နိုင်ငံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေသည့်အပြင် နိုင်ငံတကာ အေးချမ်းတည်ငြိမ်ရေး တွန်းအား ပေးရေးနှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့ကြောင်း ပြောကြားသည်ဟု သတင်းအရ သိရပါသည်။

   Webradio